.
မူဆယ်မြို့၊ အမှတ်
(၁) ဈေး မီးပွိုင့်အနီးတွင် ပြည်သူ့စစ် ၂ ဦးအား ပစ်ခတ်ခဲ့ပြီး
ချိန်ကိုက်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း မူဆယ်မြေအောက်အဖွဲ့က ယနေ့
ဩဂုတ်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
.
.ယနေ့ ဩဂုတ်လ ၂
ရက်၊ နေ့လယ်ပိုင်းက မီးပွိုင့်အနီးတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို
ပစ်ခတ်ခဲ့ ခြင်းမှာ ၎င်းတို့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ လက်ပါးစေ မှန်သမျှကို
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မူဆယ်မြေအောက် အဖွဲ့မှ ဗိုလ်ကျားနက်က ပြောဆိုထားသည်။
.
ထို့အတူ သြဂုတ် ၁
ရက်က ၎င်းမီးပွိုင့် အနီးတွင် စစ်ကောင်စီ လက်အောက်ခံများ ဖြစ်သော ယာဉ်ထိန်းရဲနှင့်
ပြည်သူ့စစ် ၃ ဦးကို ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး
၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
မူဆယ်မြို့ပေါ်တွင်
စစ်ကောင်စီနှင့် ပတ်သက်သော ပစ္စည်းများ တတ်နိုင်သမျှ ရောင်းချခြင်း မပြုရန် မူဆယ်
မြေအောက်အဖွဲ့က သတိပေးထားပြီး ရောင်းချမှုများ ရှိပါက တိုက်ခိုက်မည်ဖြစ်ကြောင်းနှင့်
စစ်ကောင်စီနှင့် ပူးပေါင်း၍ လောင်းကစားလုပ်ဆောင်နေမှုများကိုလည်း
သတိပေးထားပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင်နေပါက မိုင်းခွဲသွားမည် ဖြစ်ကြောင်း
မူဆယ်မြေအောက်အဖွဲ့က ထုတ်ပြန်ထားသည်။
.
အလားတူ ယမန်နေ့
ညပိုင်းက မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ မီးပွိုင့်၊ အထက (၂) ကျောင်း
အနီးဝန်းကျင်နှင့် မူဆယ်မြို့မ ရဲစခန်းရှေ့၊ ကောင်းမှုတုံ ရပ်ကွက်၊
ဖူလီလိုက်လမ်းဆုံနှင့် TOP ONE KTV ဆိုင်အနီး အပါအဝင် စွမ်စော်ရပ်ကွက်၊ စွမ်စော် (၆)လမ်းတို့တွင် ပေါက်ကွဲမှုများ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.