တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) တို့၏ ပူးပေါင်းတပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း ယမန်နေ့ ဩဂုတ်လ ၂၄ ရက်တွင် ယင်းအဖွဲ့က ကြေညာသည်။
.
ပူးပေါင်းတပ်ဖွဲ့၀င်များ အနေဖြင့် နယ်မြေဒေသအတွင်း ဆက်လက် လှုပ်ရှားဆောင်ရွက်ရန် ခက်ခဲမှုများကြောင့် ရွာငံဒေသကို စွန့်ခွာကာ အခြားသော ကာကွယ်ရေးတပ်ဖွဲ့များထံ ပူးပေါင်းခဲ့ပြီး ဖြစ်၍ ဒေသတွင်း၌ ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် မရှိတော့သဖြင့် ယင်းကဲ့သို့ အပြီးပိုင် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ TPDF နှင့် YUG ပူးပေါင်းတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခွဲ တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
.
တော်လှန်ရေး တာ၀န်များကို အရေးတော်ပုံ အောင်သည်အထိ (မပျက်မကွက်) ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း ကြေညာချက်တွင် ကတိပြုထားသည်ကို တွေ့ရသည်။