.
မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စု၊
စယ်လန့်ကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၁၄
ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.
TNLA တပ်ဖွဲ့များက
စယ်လန့်ကျေးရွာအနီးရှိ နေအိမ်ကို ဩဂုတ်လ ၂၂ ရက်၊ ညပိုင်းတွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး
သုံးစွဲသူ ၁၂ ဦးနှင့် ရောင်းဝယ်သူ ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူများအနက်
သုံးစွဲသူများကို အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ရောင်းဝယ်သူ
၂ ဦးကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့်
အရေးယူသွားမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန် ထားသည်။
.
TNLA သည်
၂၀၂၁ခုနှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်း ၇ ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါး
သုံးစွဲသူ ၅၇၇ ဦးကို အကျင့်စာရိတ္တ ပြုပြင်ပေးနိုင်ခဲ့သည်ဟု သိရသည်။
.
Photo – TNLA
.