နမ္မတူမြို့နယ်၌ စစ်‌ကောင်စီ ထုတ်ကုန်နှင့် မူးယစ်ဆေးဝါး သုံးစွဲသူများကို TNLA ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်၌ စစ်‌ကောင်စီ ထုတ်ကုန်နှင့် မူးယစ်ဆေးဝါး သုံးစွဲသူများကို TNLA ဖမ်းဆီး


နမ္မတူမြို့နယ်၊ ပန်ချင်အုပ်စု၊ လုပ်လေကျေးရွာ လားရှိုးနှင့် နမ္မတူ ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို ယမန်နေ့ သြဂုတ်လ ၈ ရက်က စစ်ဆေးခဲ့ရာ စစ်ကောင်စီထုတ်ကုန် ပစ္စည်းများ၊ မူးယစ်‌ဆေး သုံးစွဲသူများကို ဖမ်းဆီးရမိကြောင်း TNLA က ထုတ်ပြန်သည်။

.

မူးယစ်ဆေးဝါး သုံးစွဲသူ ၅ ဦး၊ စစ်ကောင်စီထုတ်ကုန်ဖြစ်သည့် ABC ဘီယာ၊ Tiger ဘီယာနှင့် Speed အချိုရည်တို့ကို ဖမ်းဆီးရမိပြီး စစ်ကောင်စီထုတ်ကုန်များအား ဖျက်ဆီးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.





တအာင်းဒေသတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲခြင်း၊ စစ်ကောင်စီထုတ်ကုန်များ ရောင်းချ စားသုံးခြင်းကို တားဆီးနိုင်ရန် ထပ်မံ လုပ်ဆောင်သွားမည် ဖြစ်ပြီး စစ်ကောင်စီထုတ်ကုန်များအား ရောင်းချခြင်း မလုပ်ရန် ၂၀၂၁ ခုနှစ် ဇွန်လတွင် TNLA က ထုတ်ပြန်ထားသည်။

.

ပြီးခဲ့သည့် သြဂုတ် ၄ ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၌ မူးယစ်ဆေးဝါး သုံးစွဲသူ စုစုပေါင်း ၁၀၁ ဦးကို ဒေသခံတိုင်းရင်းသား လူငယ်များနှင့် ပူးပေါင်း၍ TNLA က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats