.
ရှမ်းပြည်တိုးတက်ရေးပါတီ
(SSPP) တည်ထောင်ခြင်း ၅၁
နှစ်ပြည့် အခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဌာနချုပ်တွင်
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ရှမ်းတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် SSIA နှင့် SNUF တို့ကို
စုစည်း၍ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏
မဟာဒေဝီအား နာယကအဖြစ် တင်မြှောက်ကာ SSA (Shan State Army) ကို ၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်၌ ဖွဲ့စည်းခဲ့ခြင်းပြီး
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
.
SSPP သည်
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ် မထိုးထား သော်လည်း စစ်ကောင်စီနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။
.