.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တော်မတော်
(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ယနေ့ ဩဂုတ်လ ၂၉ ရက်တွင် နေပြည်တော်၌
တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
.
.
RCSS သည် စစ်ကောင်စီခေါင်းဆောင်မှ
ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်
၁၀ ဖွဲ့အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်းက နေပြည်တော်တွင် စစ်ကောင်စီ
ခေါင်းဆောင်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့သေးသည်။
.
Photo -
Hsan Loi Voice
.