.
အဖွဲ့အစည်းအားလုံး ပါဝင်ကြိုးပမ်းဆောင်ရွက်မှသာ ရေရှည်တည်တံ့ခိုင်မြဲသည့်
ငြိမ်ချမ်းးရေးကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
RCSS/SSA နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့
ယမန်နေ့ ဩဂုတ်လ ၃၀ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးယွက်စစ်က ယင်းကဲ့သို့
ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လွယ်ကူသည့် လုပ်ငန်းစဉ်မဟုတ်သည့်အတွက်
ယုံကြည်မှုတည်ဆောက်ခြင်းနှင့်အတူ စိတ်ရှည်သည်းခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုအားနည်းလျှင်
စည်းလုံးမှု မရနိုင်သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊
နိုင်ငံရေးပြဿနာကို အဖွဲ့အစည်းအားလုံးက မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက် ရမည်ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲ များတွင် လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့်
လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း Tai
Freedom သတင်းတွင် ဖော်ပြထားသည်။
.
RCS/SSA သည် ၂၀၁၅ ခုနှစ်၊ သမ္မတဦးသိန်းစိန်လက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ
စာချုပ် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး
လက်ရှိတွင်လည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ၂ ကြိမ် ပြုလုပ်ထားသည်။
.