ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလားလူကျေးရွာသို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်အား အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုများက ဩဂုတ်လ ၉ ရက်တွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲတွင် အလယ်ပိုင်းတိုင်း
အထူးစစ်ဆင်ရေးအဖွဲ့၏ Sinper အဖွဲ့လည်း ပါဝင် ခုခံတိုက်ခဲ့ပြီး Sinper အဖွဲ့၏ တိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးခဲ့သည်ဟု ယနေ့ ဩဂုတ်လ
၁၀ ရက်တွင် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။
.
တိုက်ပွဲမှာ ဆက်လက် ပြင်းထန်လာနိုင်ပြီး
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ အနေဖြင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့များနှင့် အတူ ဆက်လက်၍
ရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.