PSLF/TNLA ၏ ပထမအကြိမ် နိုင်ငံရေးသိပ္ပံကျောင်း စတင်ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

PSLF/TNLA ၏ ပထမအကြိမ် နိုင်ငံရေးသိပ္ပံကျောင်း စတင်ဖွင့်လှစ်

.

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ၂၅ လကြာ နိုင်ငံရေးသိပ္ပံကျောင်းကို ယမန်နေ့ ဩဂုတ်လ ၁ ရက်က တအာင်တပ်မတော် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ပထမအကြိမ်အဖြစ် စတင်ဖွင့်လှစ် ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

.

.

PSLF/TNLA အဖွဲ့အစည်းအတွင်း နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် လုပ်ငန်းဆိုင်ရာဌာနများတွင် ဦးဆောင် နိုင်သူများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ သင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

.

သင်တန်းကာလမှာ ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး Semester ၃ ခုခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ကာ Semester တစ်ခုလျှင် ၈ လခန့် ကြာမြင့်ပြီး Semester တစ်ခုပြီးတိုင်း Paper Research တစ်စောင် ရေးသားရမည်ဖြစ်ကြောင်း သိရသည်။

.

သင်တန်းတွင် စုစုပေါင်း ဘာသာရပ် ၄၃ ခု သင်ကြားပေးသွားမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုပြီးတိုင်း Assignment တစ်စောင်စီ ရေးကြရမည်ဖြစ်ကာ ထိုဘာသာရပ်များတွင် Personal Skill, Management ဆိုင်ရာ ဘာသာရပ်အပြင် အခြေခံနိုင်ငံရေး၊ လူ့အခွင့်အရေး နှင့် ပထဝီနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ နိုင်ငံရေး ဘာသာရပ်များကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

.

သင်တန်းသို့ သင်တန်းသား ၁၅  ဦး၊ သင်တန်းသူ ၂၀ ဦး၊ စုစုပေါင်း ၃၅ ား တက်ရောက်လျက်ရှိကြောင်း သိရသည်။

.

နိုင်ငံရေး အတွေးအခေါ်များ ပိုမိုမြှင့်တင်နိုင်စေရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် တအာင်းပြည်နယ်အတွင်း မိဘပြည်သူများကို ကာကွယ်နိုင်ရန်အတွက် ကျောင်းတက်ရခြင်းဖြစ်ကြောင်း ကျောင်းသူတစ်ဦးက ပြောဆိုခဲ့သည်။

.

ကျောင်းဖွင့်ပွဲတွင် PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း၊ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူးဇားတို့က တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

.

PSLF/TNLA ဖွင့်လှစ်သည့် သင်တန်းကျောင်း အများအပြား ရှိသော်လည်း နိုင်ငံရေးသိပ္ပံကျောင်းမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ဆက်လက်ဖွင့်သွားနိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

.

Journal Download

Photo of three cats