ရှမ်းမြောက်တွင် စက်သုံးဆီရှိနေသည့်ဆိုင်များ ဆိုင်ပိတ်၍ ရောင်းချခြင်းမပြုပါက အရေးယူမည်ဟု PSDA ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းမြောက်တွင် စက်သုံးဆီရှိနေသည့်ဆိုင်များ ဆိုင်ပိတ်၍ ရောင်းချခြင်းမပြုပါက အရေးယူမည်ဟု PSDA ထုတ်ပြန်

.

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား အမှန်တကယ် ဆီကုန်ဆုံးမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ပြီး စက်သုံးဆီ ရှိပါလျက်နှင့် ဆိုင်ပိတ်ပြီး ပြည်သူလူထုအား ရောင်းချခြင်း မပြုလျှင် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (PSDA) က ယနေ့ ဩဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။

.

.

ရှမ်းမြောက်ဒေသ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီ ရှားပါးပြတ်လပ်မှုနှင့် ကြုံနေရပြီး စက်သုံးဆီဆိုင် အများစုမှာ ရောင်းချရန် ဆီမရှိသည့်အတွက် အရောင်းပိတ်ထားရခြင်းဖြစ်သည်။

.

စစ်ကောင်စီ‌ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပမှ ရေနံနှင့် ရေနံထွက် ပစ္စည်းများ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုး တင်သွင်းနေမှုကို လျှော့ချရမည်ဟု ညွှန်ကြားခဲ့ပြီးနောက် ပြည်တွင်း၌ စက်သုံးဆီ အကြပ်အတည်း ဖြစ်ပေါ်နေခြင်း လည်း ဖြစ်သည်။

.

ရှမ်း/မြောက် PSDA၏လှုပ်ရှားနယ်မြေမြို့ရွာများရှိ စက်သုံးဆီအရောင်းဆိုင်များအား အမှန်တကယ် ဆီကုန်ဆုံးမှုရှိ/မရှိ ရှောင်တခင် စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ စစ်ဆေးဆောင်ရွက်မှု၌ စက်သုံးဆီအရောင်းဆိုင်များမှာ စက်သုံးဆီရှိပါလျက်နှင့် ဆိုင်များပိတ်ပြီး ပြည်သူလူထုအား ရောင်းချခြင်းမပြုလုပ်လျှင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PSDA တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats