.
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်
(PNLO) သည် စစ်ကောင်စီနှင့်
ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့မှုများကို ဩဂုတ်လ ၂၁ ရက်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားကွင်း၌
ပြည်သူလူထုအား ရှင်းလင်းဆွေးနွေး အကြံဉာဏ်ရယူ ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အခမ်းအနားတွင်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌနှင့် ခေါင်းဆောင်များ၊ PNO အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း
ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ထမ်းဆန်းအဖွဲ့နှင့် ပအိုဝ်းတိုင်းရင်းသားအရေး ဆောင်ရွက်နေသူများ
တက်ရောက်ခဲ့ကြောင်း သိရသည်။
.
PNLO အနေဖြင့်
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဟိုပုံးမြို့တွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ
ထွက်ရှိလာသည့် နိုင်ငံရေးမူ အချက်များကို စစ်ကောင်စီထံ တင်ပြခဲ့သည်ဟု တွေ့ဆုံရှင်းလင်းပွဲတွင်
ပြောဆိုခဲ့သည်။
.
စစ်ကောင်စီမှ ဖိတ်ခေါ်သည့်
ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန် ကိုယ်တိုင် တက်ရောက် သွားမည်ဖြစ်ကြောင်း
သိရသည်။
.