.
.
စစ်ကိုင်းတိုင်း၊
ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီတပ်က နေအိမ်မီးရှို့ဖျက်ဆီးသွားသည့် မူးကမ်းကြီးကျေးရွာမှ
ပြည်သူများ အား ရွှေဘိုခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်လှူဒါန်းမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ လှူဒါန်းမှုကို
ဩဂုတ်လ ၂၅ နှင့် ၂၆ ရက်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန်၊ ဒန်အိုး၊ ဒန်ခွက်နှင့်
စားနပ်ရိက္ခာ များ ဝေငှပေးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF က ထုတ်ပြန်ထားသည်။’
.
လှူဒါန်းမှုကို
ရွှေဘိုခရိုင်အခြေစိုက် C&T Shwebo LPDF၊ Flying Dragon Force (F.D.F)၊ စွန်ရဲ
ရွှေဘို LPDF၊ MDF Shwebo၊ Alpha 7 LPDF၊ Shwebo Federal Army၊ Snake Eyes LPDF၊ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) နှင့် ရွှေဘိုမြို့နယ် တိုက်နယ် ၂
တပ်ပေါင်းစု ၂ မဟာမိတ်အဖွဲ့အစည်းများ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး
ပထမဆုံးအကြိမ် အနေဖြင့် အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.