.
ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲအရှိန် ပြင်းထန်လာနိုင်သည့်အတွက်
မန္တလေး-မူဆယ်လမ်းတွင် စက်တင်ဘာလ ၁၂ ရက်အထိ ညပိုင်း၌ ယာဉ်ပြေးဆွဲမှုမပြုရန် သိန္နီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(TNL PDF) က မေတ္တာရပ်ခံ အသိပေးစာ ထုတ်ပြန်ထားသည်ဟု သိရသည်။
.
.
သိန္နီ PDF
နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် မန္တလေး-မူဆယ်လမ်းကြောင်းပေါ်ရှိ
သီပေါ-ကွတ်ခိုင် ပြေးဆွဲနေသော ယာဉ်များကို ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး
စစ်ကောင်စီတပ်၏ ယာဉ်တန်း များနှင့် ထိတွေံတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက်
ခရီးသွားပြည်သူများအနေဖြင့် စက်တင်ဘာလ ၁၂ ရက်အထိ ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်
မေတ္တာရပ်ခံ အသိပေးကြောင်း သိန္နီ PDF က ထုတ်ပြန်ထားသည်။
.
ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီ၏
စစ်ယာဉ်တန်းနှင့် လမ်းပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်သည့်အတွက်
ကြိုတင်အသိပေးထားသည်ကြားက သွားလာမှုပြုလုပ်သူများ ထိခိုက်မှုများ ရှိလာပါက
တာဝန်ယူဖြေရှင်းပေးလိမ့်မည်မဟုတ်ကြောင်း မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။
.