.
မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံပြည်သူ
များလုံခြုံစိတ်ချရသောနေရာများတွင် နေထိုင်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယမန်နေ့ ဩဂုတ်လ ၂၇ ရက်၊ ညပိုင်းတွင် အရေးပေါ်သတိပေးချက်
ထုတ်ပြန်ထားသည်ဟု သိရသည်။
.
.မိုးဗြဲမြို့နယ်အတွင်း
ယမန်နေ့ ဩဂုတ်လ ၂၇ ရက်မှ စတင်၍ MBPDF နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
.
မိုးဗြဲမြို့၊ တစ်နေရာ၌
လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသောကြောင့် မိဘ ပြည်သူများအနေဖြင့်
လုံခြုံစိတ်ချရသော နေရာတွင် နေထိုင်ကြရန် သတိပေးကြောင်း MBPDF သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
.
ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ
မြို့နယ်များနှင့် ရှမ်းကယားနယ်စပ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်လာနေပြီး
ဩဂုတ်လ ၂၅ ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို MBPDF က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
MBPDF က ထုတ်ပြန်ထားသည်။
.