.
ကရင်နီ (ကယား) ပြည်နယ်တွင်
စစ်ကောင်စီတပ်မှ ထောင်ထားသည့် နင်းမိုင်းများ တွေ့ရှိသည့်အတွက် ဒေသခံများ အသွားအလာ
ဂရုစိုက်ကြရန် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO PDF) က သတိပေးထားသည်ဟု သိရသည်။
.
.
ထူလွှီဘီလာနှင့် ငွေတောင်ရွာသစ်ကျေးရွာများကို
ယမန်နေ့ ဩဂုတ်လ ၂၆ ရက်က နယ်မြေရှင်းလင်းမှုများ ပြုလုပ်စဉ် ယင်း နင်းမိုင်းများကို
တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
DMO PDF စစ်ကြောင်းမှ
ဖြတ်သန်းသွားလာနေစဉ် မသင်္ကာဖွယ်ရာ တွေ့ရှိသည့်အတွက် စစ်ဆေးရာ စစ်ကောင်စီတပ် ထောင်ထားသည့်
မိုင်းများကို တွေ့ရှိခဲ့ရပြီး စစ်ကောင်စီတပ်နှင့် နီးကပ်နေသည့်အတွက် နင်းမိုင်း ၂
လုံးကိုသာ ဖြုတ်ယူ နိုင်ခဲ့သည်ဟု DMO PDF မှ တာဝန်ရှိသူတစ်ဦးက
ပြောဆိုခဲ့သည်။
.
ထို့အပြင် သီးခြားလမ်းကြောင်းတစ်ခု၌
နွားတစ်ကောင် မိုင်းနင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
.
စစ်ကောင်စီတပ်သည် အင်အား
၂၀၀ ခန့်ဖြင့် ဩဂုတ်လ ၂၀ ရက်မှ စတင်ကာ ဒီးမော့ဆိုမြို့နယ်၊ သဲတောင်၊ ခြေတော်ရာဘုရားနှင့်
ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာများတွင် စစ်ကြောင်းဖြန့်ကျက်ထားပြီး ယခုအခါ
ကဒါးလားတောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆို စသည့်နေရာများကို တပ်ဖြန့်ထားကြောင်း သိရသည်။
.