ခင်ဦးလမ်းဆုံအနီး၌ စစ်ကောင်စီယာဉ်တန်းကို PDF က မိုင်းဆွဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခင်ဦးလမ်းဆုံအနီး၌ စစ်ကောင်စီယာဉ်တန်းကို PDF က မိုင်းဆွဲတိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို - မြစ်ကြီးနားလမ်းမကြီးနှင့် ခင်ဦးလမ်းဆုံအနီးတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း Shwebo Defense Force(SBDF) က သတင်း ထုတ်ပြန်သည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် ခင်ဦးမှ ရွှေဘိုသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ ကား ၄ စီးအား SBDF စခန်း (၃) မိုင်းအဖွဲ့နှင့် မဟာမိတ်ဖြစ်သော King Peacock Defense Force (ဒေါင်းရာဇာ ကာကွယ်ရေးအဖွဲ့) တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီ ယာဉ်တန်း၏ ဒုတိယကားနှင့် နောက်ဆုံးကားတို့ကို ပဒေသာမိုင်း ၈ လုံးဖြင့် နှစ်ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ စီးလုံး ထိမှန်ပြီး အများအပြား ထိခိုက်မှု ရှိနိုင်ကြောင်း SBDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှု မရှိဟု SBDF က ဖော်ပြထားပြီး မန္တလေး - ရွှေဘိုမြစ်ကြီးနားလမ်း၊ လမ်းမကြီးပေါ်တွင် မဟာမိတ်အဖွဲ့များ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေ၍ ပြည်သူများ အနေဖြင့် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း လုံးဝ မပြုလုပ်ရန်၊ ကားများကို မှန်ချခြင်း၊ စစ်ကားများနှင့် ဝေးရာမှ မောင်းနှင်ခြင်းများ ပြုလုပ်ရန် SBDF က ထုတ်ပြန် အသိပေးထားသည်။

Link - https://www.youtube.com/shorts/Yg5InrYax9U

Journal Download

Photo of three cats