ဆိုလျားကူး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၍ လွိုင်ကော် PDF မှ ၁ ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆိုလျားကူး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၍ လွိုင်ကော် PDF မှ ၁ ဦး ကျဆုံး


ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာ နှင့် အနီးတစ်ဝိုက်သို့ စစ်ကြောင်း ၃ ကြောင်း၊ အင်အား ၂၀၀ ခန့် ဖြန့်စ စ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မဟာမိတ် ပူးပေါင်းတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၍ လွိုင်ကော် PDF မှ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်မှ ၁၂ ရက်ထိ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲကို လွိုင်ကော် PDF ၊ KA ၊ KNDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ တပ်ရင်း (၁၁၀၁)၊ ဒီးမော့ဆို PDF ၊ တပ်ရင်း (၁၁၀၇)၊ မိုးဗြဲ PDF၊ KRU နှင့် KGZ စသည့်မဟာမိတ်များက ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်ဟု လွိုင်ကော် PDF က ထုတ်ပြန်သည်။

.


တိုက်ပွဲ ပထမနေ့တွင် လွိုင်ကော် PDF မှ အသက် ၁၉ နှစ်အရွယ် မောင်စီနီးလို ကျဆုံး၍ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၍ အခြား ထိခိုက်ဒဏ်ရာ ရမှုများ ရှိသော်လည်း အတည် မပြုနိုင်သေးကြောင်း လွိုင်ကော် PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

လွတ်မြောက်ရေးအတွက် အသက်ပေးရင်း မြင့်မြတ်စွာ ကျဆုံး၍ အသက်ပေးလှူခဲ့သော ရဲဘော် မောင်စီနီးလို အား အာဇာနည် သူရဲကောင်းအဖြစ် ဂုဏ်ပြုဦးညွှတ်ကြောင်းနှင့် အရေးတော်ပုံ အောင်သည်ထိ ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း လွိုင်ကော် PDF က ဆိုသည်။

Journal Download

Photo of three cats