.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ညောင်ရွှေမြို့နယ်အခြေစိုက် အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) တပ်ဖွဲ့ အတွက် လိုအပ်သော လက်နက်များ
ဝယ်ယူရန် ပန်ဆယ်လိုက ငွေကျပ် သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း IPDF ၏ ထုတ်ပြန်ချက် အရ သိရသည်။
.
.
Inle-PDF တပ်ဖွဲ့အား
ယုံကြည်စွာဖြင့် ဝိုင်းဝန်းကူညီလှူဒါန်းပေးသော အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း
IPDF က ထုတ်ပြန်ထားသည်။
.
ထို့အပြင် လက်နက်ခဲယမ်း
ဝယ်ယူရန်နှင့် စားနပ်ရိက္ခာအတွက် ငွေကြေးလိုအပ်ချက်များ ရှိနေသေးသဖြင့် ပြည်သူ လူထုများမှ
ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
IPDF ကို ယခုနှစ်
ဇန်နဝါရီလ ၉ ရက်က
စတင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီ
(ကယား) ပြည်နယ်များတွင် ဒေသခံ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍
စစ်ကောင်စီအား ခုခံတော်လှန်နေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။
.