ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများအရေးအတွက် မလေးရှားအစိုးရထံ NUG မေတ္တာရပ်ခံစာ ပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများအရေးအတွက် မလေးရှားအစိုးရထံ NUG မေတ္တာရပ်ခံစာ ပေးပို့

.

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများအရေးအတွက် ဆောင်ရွက်ပေးရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာ ပေးပို့ ထားကြောင်း သိရသည်။

.

.

မလေးရှားနိုင်ငံ၊ ဆယ်လန်ဂေါပြည်နယ်၊ ကာဂျမ်းမြို့ရှိ တရားမဝင်နေထိုင်နေသူများ၏ တိုက်ခန်းများကို ယမန်နေ့ ဩဂုတ်လ ၉ ရက်က မလေးရှားလဝကမှ ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ရှာဖွေဖမ်းဆီးရာတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၇၅ ဦး ဖမ်းမိကြောင်း မလေးရှားလဝက က ထုတ်ပြန် ထားပြီး ယင်းတို့အနက် မြန်မာလုပ်သား ၁၀၀ ကျော် ပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

.

အဆိုပါ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအရေးအတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံ မေတ္တာရပ်ခံစာ ပေးပို့ထားပြီး အချိန်နှင့်တပြေးညီဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

.

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (Overseas Employment Registration Card-OERC) ပြုလုပ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့် မေလ ၂၇ ရက်က သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats