နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် NUG၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်ကြိုးပမ်းပေးရန် မန္တလေး နိုင်ငံရေးအကျဉ်းသား/သူအင်အားစုများ ထုတ်ပြန်တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် NUG၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်ကြိုးပမ်းပေးရန် မန္တလေး နိုင်ငံရေးအကျဉ်းသား/သူအင်အားစုများ ထုတ်ပြန်တိုက်တွန်း

.

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ ရပ်တည်ကြိုးပမ်းပေးကြရန် မန္တလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ အင်အားစုများက ၃၄ နှစ်မြောက် ရှစ်လေးလုံးလူထုတော်လှန်ရေးအထိမ်းအမှတ်အဖြစ် ထုတ်ပြန်တိုက်တွန်းခဲ့သည်ဟု သိရသည်။

.

.

မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီအတွက် လူထုတစ်ရပ်လုံး ပါဝင်တွန်းလှန် တိုက်ပွဲဝင်ခဲ့သော်လည်း ကိုယ်ကျိုးရှာ စစ်အာဏာရှင်များ၏ ရက်ရက်စက်စက် နှိမ်နင်းမှုများကြောင့် ယနေ့အထိ ပန်းတိုင်ကို မရောက်သေးကြောင်း၊ ခေတ် အဆက်ဆက် တော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သူရဲကောင်းများကို ဂုဏ်ယူလေးစားစွာ ဦးညွတ်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာသည်အထိ မည်သို့သော ဖိနှိပ်ခြိမ်းခြောက် အနိုင်ကျင့်စော်ကားမှုများ ကြုံတွေ့နေသော်လည်း အရှုံးမပေးဘဲ အားလုံးနှင့် အတူတကွ ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မန္တလေး နိုင်ငံရေးအကျဉ်းသား/သူများက ထုတ်ပြန် ထားသည်။

.

ထို့အပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အမြန်ဆုံး လုံခြုံချမ်းသာနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ညီညွတ် စွာဖြင့် အားကုန်သုံးပြီး တတ်စွမ်းရာကဏ္ဍမှ ကျရာတာဝန်ကို ထမ်းပြီး တော်လှန်ရေးစိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ပေးကြရန်လည်း တိုက်တွန်းထားသည်။

.

 

Journal Download

Photo of three cats