မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကမ္ဘာတစ်ဝှမ်းမှ ကလေးငယ်များနည်းတူ အခွင့်အရေးရရှိရေးအတွက် ဆောင်ရွက် သွားမည်ဟု NUG ကျန်းမာရေးဝန်ကြီး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကမ္ဘာတစ်ဝှမ်းမှ ကလေးငယ်များနည်းတူ အခွင့်အရေးရရှိရေးအတွက် ဆောင်ရွက် သွားမည်ဟု NUG ကျန်းမာရေးဝန်ကြီး ပြော

.

မြန်မာနိုင်ငံရှိ ကလေးငယ်များကို ကမ္ဘာတစ်ဝှမ်းမှ ကလေးငယ်များနည်းတူ လူ့အခွင့်အရေးများ ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုခဲ့သည်။

.

.

Southeast Asian Ministers of Education Organization, Regional Center for Food and Nutrition (SEAMEO RECFON) က ဦးစီးကျင်းပသည့် အရှေ့တောင်အာရှဒေသတွင်း ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဒေါက်တာဇော်ဝေစိုးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

မြန်မာနိုင်ငံရှိကလေးငယ်များသည် ကမ္ဘာတစ်ဝန်းရှိ ကလေးများအားလုံးနည်းတူ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရေး၊ ကာကွယ်ဆေး အကြိမ်ပြည့် ရရှိစေရေး၊ စားနပ်ရိက္ခာ ဖူလုံမှုရှိရေး စသည့် လူ့အခွင့်အရေးများကို ရရှိသင့်သည်ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောသည်။

.

ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ အရှေ့တောင်အာရှဒေသတွင်း ဆွေးနွေးပွဲ (Regional Learning Exchange Forum)” ကို ဩဂုတ် ၁ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ဩဂုတ်လ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

.

Regional Forum သို့ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ စသည့် အရှေ့တောင်အာရှဒေသတွင်း ၉ နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကိုယ်စားလှယ်များ စုစုပေါင်း ၆၁ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats