.
ဩစတေးလျနိုင်ငံအစိုးရ
ရုံးစိုက်ရာ ကင်ဘာရာမြို့တွင် ယမန်နေ့ ဩဂုတ်လ ၄ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးကို စတင်ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
.
.
ရုံးဖွင့်ပွဲသို့
ဩစတေးလျအစိုးရ ထိပ်ပိုင်းအရာရှိများ၊ ဩစတေးလျနိုင်ငံ၏ အင်အားကြီးပါတီ ၂ ခုမှ လွှတ်တော်အမတ်
များ၊ တစ်သီးပုဂ္ဂလအမတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးရုံးကမူ
ရုံးဖွင့်ပွဲကို မတက်ရောက်နိုင်သည့်အတွက် တောင်းပန်စာ ပေးပို့ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးရုံး
ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောဆိုသည်။
.
NUG ၏
ကိုယ်စားလှယ်ရုံးများကို ချက်၊ ဗြိတိန်၊ နော်ဝေ၊ ပြင်သစ်၊ ကိုရီးယား၊ ဩစတေးလျနှင့်
ဂျပန်နိုင်ငံ တို့တွင် ဖွင့်လှစ်ထားရှိပြီး မလေးရှားနိုင်ငံနှင့်
အခြားနိုင်ငံအချို့တွင်လည်း ရုံးခန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း
သိရသည်။
.