NUG အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံနိုင်ငံများကို မလေးရှား တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NUG အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံနိုင်ငံများကို မလေးရှား တိုက်တွန်း

.

အာဆီယံနိုင်ငံများအနေဖြင့် NUG အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဩဂုတ်လ ၁၀ ရက်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။

.


.

အာဆီယံ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေသည့်အတွက် မလေးရှားအနေဖြင့် ရှင်းရှင်းလင်းလင်း အပြီးသတ် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ အာဆီယံအနဖြင့် မြန်မာပြည်သူများကို စိတ်ဓါတ်ရေးရာအရ ထောက်ခံ အားပေးရန်နှင့် NUG အပါအဝင် စစ်ကောင်စီကို ဆန်ကျင်သော အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရေးသည် အရေးအကြီးဆုံး ဖြစ်ကြောင်း ဝန်ကြီး Saifuddin Abdullah က ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။


.

“အခုဆိုရင် တစ်ဖက်တည်း ဖြစ်နေတယ်။ ကျွန်တ်ောတို့က စစ်အုပ်စုနဲ့ပဲ ဆက်ဆံနေတာ။ စားပွဲပေါ်ကို ရောက်လာဖို့ ကျွန်တော်တို့ အာဆီယံတစ်ခုတည်းနဲ့ မဆောင်ရွက်နိုင်ဘူးဆိုရင် အာဆီယံအနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ မိတ်ဆွေနိုင်ငံတချို့ နဲ့ ထိတွေ့ဆက်ဆံတာတွေ လုပ်ကောင်းလုပ်ရမယ်” ဟု Saifuddin Abdullah က သတင်းထောက်များကို ပြောဆိုခဲ့သည်။

.

မြန်မာစစ်ကောင်စီကမူ NUG အပါအဝင် ၎င်းတို့ကို ဆန့်ကျင်နေသူများကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သုံးနှုန်းပြီး မဆက်ဆံကြရန် အာဆီယံနိုင်ငံများကို တိုက်တွန်းလျက်ရှိသည်။

.

Journal Download

Photo of three cats