.
အာဏာသိမ်းပြီးနောက်
စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးတပ် ထောင်ချထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး NUG နှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေး
ဝန်ကြီးက ထပ်မံတောင်းဆိုခဲ့သည်ဟု သိရသည်။
.
.
စစ်ကောင်စီက ယမန်နေ့
ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့ပြီးနောက်
မလေးရှားကာကွယ်ရေးဝန်ကြီး Saifuddin
Abdullah က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွစ်တာတွင် ယင်းကဲ့သို့ ရေးသားတောင်းဆိုခဲ့ခြင်း
ဖြစ်သည်။
.
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
(NUCC) တို့နှင့် တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း ၎င်းက ထည့်သွင်းတောင်းဆိုခဲ့ပြီး
မလေးရှားအနေဖြင့် မြန်မာလူထုနှင့်အတူ ရပ်တည်ကြောင်း ရေးသားထားသည်။
.
မလေးရှားအစိုးရသည်
စစ်ကောင်စီကို အသိအမှတ်မပြုကြောင်းနှင့် NUG နှင့်သာ ထိတွေ့ဆက်ဆံကြရန် တိုက်တွန်း ပြောဆိုနေသည့် နိုင်ငံလည်း
ဖြစ်သည်။
.
မြန်မာစစ်ကောင်စီကမူ
NUG အပါအဝင် ၎င်းတို့ကို
ဆန့်ကျင်နေသူများကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သုံးနှုန်းပြီး မဆက်ဆံကြရန်
အာဆီယံနိုင်ငံများကို တိုက်တွန်းလျက်ရှိသည်။
.