NUG ပြည်ထောင်စုဝန်ကြီးချုပ် နှင့် တောင်ပိုင်းစစ်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NUG ပြည်ထောင်စုဝန်ကြီးချုပ် နှင့် တောင်ပိုင်းစစ်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ တွေ့ဆုံ

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ ယနေ့ ဩဂုတ်လ ၁၄ ရက်၊ နံနက်ပိုင်းတွင်း အွန်လိုင်းမှ တဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

.


တွေ့ဆုံပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ကြောင်းမှူးများ၊ ဒုစစ်ကြောင်းမှူးများ၊ စတာဝန်ရှိသူများနှင့် ရဲဘော်များ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

.

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ရဲဘော်များကို အားပေးစကား ပြောကြားပြီး လက်ရှိ NUG ၏ ကြိုးစား ဆောင်ရွက်နေ့သည့် အခြေအနေတိုးတက်မှုများနှင့် စစ်အာဏာရှင် စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်‌ရေး အတွက် ရှေ့ဆက်လုပ်မည့် အစီစဉ်များကို ရှင်းလင်းပြောဆိုခဲ့‌ကြောင်း သိရသည်။

Journal Download

Photo of three cats