.
အမျိုးသားညီညွတ်ရေးအစိုးရ၊
မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်က
အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ တွေ့ဆုံရာတွင်
မဟာမိတ်ဆက်ဆံရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေ များ၊ ရှေ့လုပ်ငန်းစဉ်များ၊
မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ၏ စုပေါင်းဦးဆောင်မှုနှင့် ပါဝင်ဖွဲ့စည်းထားမှု အခြေအနေ
များ၊ နိုင်ငံရေးရည်ရွယ်ချက်၊ နိုင်ငံရေးလမ်းပြမြေပုံ၊ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုများ၊
ရှေ့လုပ်ငန်းစဉ်များကို နှစ်ဖက် တာဝန်ရှိသူများ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း
သိရသည်။
.
ထို့အပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနှင့် လတ်တလော ဆောင်ရွက်ရန်လိုအပ်သည့်
ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အရေး
စသည့် ပြည်သူ့ရေးရာကိစ္စရပ်များကို စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ဆွေးနွေးပွဲသို့
မဟာမိတ်ဆက်ဆံရေး ကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု
ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊
ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ
ဝင်းမြတ်အေး၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊
ဖက်ဒရယ်ပြည်ထောင်စု ရေးရာ ဒုတိယဝန်ကြီး မန်းဝင်းထူး၊ အကြံပေးပုဂ္ဂိုလ်များ၊
မဟာမိတ်ဆက်ဆံရေးကော်မတီမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC)
ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်း သိရသည်။
.