.
ဂျပန်နိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ
(NUG) ၏ ကိုယ်စားလှယ်ရုံးကို
ဇူလိုင်လ ၃၁ ရက်က စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
.
.
ကိုယ်စားလှယ်ရုံးဖွင့်ပွဲတွင်
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး နှင့်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က အွန်လိုင်းမှတစ်ဆင့် အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် ညနေပိုင်းတွင်
ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘခှသိန်းက ဂျပန်ရောက် မြန်မာနိုင်ငံသားများ၊
မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီပေးနေသော ဂျပန်နိုင်ငံသားများနှင့် တွေ့ဆုံပြီး သိရှိလိုသည်များကို
ဖြေကြား ကာ NUG Japan Office ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
ထိုသို့ ဖြေကြားရာတွင်
နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမှုပြဿနာများကို NUG Japan Office က လက်ခံဖြေရှင်း ပေးနိုင်မှု ရှိ/မရှိ မေးမြန်းလာမှုအပေါ်
လတ်တလောအခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် နိုင်ငံကူး လက်မှတ်စာအုပ်
သက်တမ်းကုန်ဆုံးနေသူများအနေဖြင့် ဗီဇာသက်တမ်းတိုးရန်နှင့် နိုင်ငံခြားခရီးထွက်ရန် လိုအပ်သည့်
အချိန်တွင် အခက်အခဲရှိပါက NUG ရုံးတွင် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း
ဦးစောဘလှသိန်းက ပြောကြားခဲ့သည်ဟု သိရသည်။
.
ရုံးဖွင့်ပွဲသို့ ဂျပန်နိုင်ငံ
လွှတ်တော်အမတ်များ၊ မီဒီယာများ၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကူညီစောင့်ရှောက်ပေးနေသော
ရဲတာဝန်ခံများ၊ သက်ဆိုင်ရာဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
NUG ၏ ကိုယ်စားလှယ်ရုံးများကို
ချက်၊ ဗြိတိန်၊ နော်ဝေ၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ဩစတေးလျနှင့် ဂျပန်နိုင်ငံ တို့တွင်
ဖွင့်လှစ်ထားရှိပြီး မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံအချို့တွင်လည်း ရုံးခန်းဖွင့်လှစ်နိုင်ရန်
ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
.