.
ကလောမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ပါတီ လူငယ်ခေါင်းဆောင်
ကိုအောင်ရဲပြည့်၏ နေအိမ်နှင့် ခြံဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဩဂုတ်လ
၁၀ ရက်တွင် လာရောက်ချိတ်ပိတ်သွားခဲ့ကြောင်း သိရသည်။
.
.
နေအိမ်နှင့် ခြံဝင်း
ချိတ်ပိတ်ခံရသူ ကိုအောင်ရဲပြည့်သည် NLD
ပါတီ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး RBK (Ride Behind Kalaw) အဖွဲ့မှ ဆိုင်ကယ် Biker တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
.
ကိုအောင်ရဲပြည့်၏ ခြံဝင်းတွင်
ကလောမြို့မရဲစခန်း (ပ) ၂၆/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) အမှုမှ
တရားခံ အောင်ရဲပြည့် (ခ) အော်ပီကျယ် ပိုင်ဆိုင်သည့် ခြံဝန်းနှင့် နေအိမ်အား ယာယီချိတ်ပိတ်
သိမ်းဆည်း ပါသည် စာတမ်းပါဗွီနိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ဆွဲသွားကြောင်း
သိရသည်။
.
အလားတူ ကလောမြို့ရှိ
ကိုအောင်ရဲပြည့်၏ မိဘများပိုင်ဆိုင်သော ဟိုတယ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က ချိတ်ပိတ်ခဲ့ကြောင်း
သိရသည်။
.
စစ်အာဏာသိမ်းပြီးနောက်
ကိုအောင်ရဲပြည့်သည် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦး
ဖြစ်ကြောင်း သိရသည်။
.