ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်လင်လေး၊
တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာ အတွင်းရှိ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ ယနေ့ ဩဂုတ်လ
၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်သည် နံနက်
၁၀ နာရီခွဲမှ ၁၁ နာရီထိ အရပ်သားပြည်သူများအား ပစ်မှတ်ထား ဂျက်လေယာဉ်ဖြင့် ၃ ကြိမ်တိတိ
ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ယင်းတိုက်ခိုက်မှုကြောင့် ဒေါပါပါးကျေးရွာရှိ ဆေးပေးခန်းကြီး
နှင့် လူနေအိမ် ၁ လုံးအား ဗုံး ထိမှန်၍ ပျက်စီးခဲ့သည့် အပြင် အရပ်သားပြည်သူ ၁ ဦး ပွဲချင်းပြီး
သေဆုံးခဲ့ရကာ ၂ ဦး ထိခိုက်ဒ ဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။
.
ထို့နောက် နံနက် ၁၁ နာရီခန့်တွင်လည်း
လွိုင်ကော် အခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးများ၊
အမြောက်များဖြင့် ဒေါပါပါး ကျေးရွာသို့ ထပ်မံ၍ ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည်ဟုလည်း
KNDF က ဆိုသည်။
.
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့်
အပြင် စစ်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသော ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းဖြင့်
ရည်ရွယ်ချက်ရှိရှိ လူထုအား ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်
တင်းတင်း ကျူးလွန်ခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်များသည် ကရင်နီပြည်အတွင်း၌
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော နေရာများရှိ အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ တာဝေးပစ် အမြောက်များဖြင့် တိုက်ခိုက်ခြင်း၊
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို မကြာခဏ ကျူးလွန်လျက်
ရှိကြောင်း သိရသည်။
.