ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် LDU ကို ကိုယ်စား မပြုကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် LDU ကို ကိုယ်စား မပြုကြောင်း ထုတ်ပြန်



စစ်ကောင်စီ ခေါ်ယူကျင်းပသော ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်သည့် ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် LDU ၏ အမည်နာမကို ထပ်မံအလွဲသုံးစားခြင်းသာဖြစ်ပြီး လားဟူလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည့် လားဟူဒီမို ကရက်တစ် အစည်းအရုံး (LDU) အား ကိုယ်စားမပြုကြောင်း ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ယင်းအဖွဲ့က ထုတ်ပြန်ကြေညာသည်။

.

ကျာဆော်လမွ န်ဦးဆောင်သော အဖွဲ့အား LDU အမည်နာမအား အလွဲသုံးစားခြင်း မပြုရန် အကြိမ်ကြိမ်သတိပေး ထုတ်ပြန်ပြီး ဖြစ်သော်လည်း ထပ်မံ အသုံးပြုလာသည့်အပေါ် ပြင်းထန်စွာ ရှုံ့ချ ကန့်ကွက်ကြောင်းဆိုသည်။

.

ပြီးခဲ့သည့် ဇူလိုင်လကလည်း ကျာဆော်လမွန် ဦးဆောင်သည့်အဖွဲ့သည် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ကျာဆော်လမွ န်ဦးဆောင်သောအဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး လားဟူအမျိူးသားများ စည်းလုံးညီညွတ်ရေးနှင့် ရေရှည် တည်တံခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်စဥ်ကို ရှေးရှုခြင်း မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားများအတွက်သာ လုပ်ဆောင်နေခြင်းအပေါ် များစွာရှုံ့ချကြောင်းနှင့် ဆောင်ရွက်နိုင်သည့် နည်းလမ်းများဖြင့် တုန့်ပြန်သွားမည် ဖြစ်ကြောင်း LDU အနေဖြင့် ပြင်းထန်စွာ သတိပေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

.

ထို့အပြင် LDU အနေဖြင့် လားဟူလူမျိုးအတွက် တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်စေရေးအတွက် အာဏာရှင်အား ဆန့်ကျင်တော်လှန်နေသော တော်လှန်ရေး အင်အားစုများနှင့်အတူ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲကာ လုပ်‌ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

.

အဆိုပါ ထုတ်ပြန်ကြေညာချက်ကို လားဟူဒီမို ကရက်တစ် အစည်းအရုံး (LDU) ဥက္ကဌ ကျာဟား က လက်မှတ် ရေးထိုးထုတ်ပြန်ထားခြင်း ဖြစ်ပြီး LDU သည် ၁၉၃၇ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats