ဒီးမော့ဆိုမြို့နယ်တွင် KRU တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ခန့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်တွင် KRU တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ခန့် သေဆုံး

.

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်၊ ညနေပိုင်းက ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် စစ်ကောင်စီတပ်တို့ကြား ၂ နာရီကြာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးခန့် သေဆုံးခဲ့ကြောင်း KRU က ယနေ့ ဩဂုတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန် ထားသည်။

.

.

တိုက်ပွဲအတွင်း KRU တပ်ပေါင်းစုနှင့်အတူ ဒီးမော့ဆို PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးခန့် သေဆုံးနိုင်ကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

.

စစ်ကောင်စီဘက်မှ အထိနာ၍ ညနေ ၅ နာရီခွဲအချိန်တွင် ပြည်သူနေအိမ်တစ်လုံးကို မီးရှို့ပြီး လက်နက်ကြီးများ၊ အတွဲလိုက် ဒုံးများ၊ စက်လက်နက်များဖြင့် မနားတပ်ပစ်ခတ်ခဲ့ရာ KRU မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

.

KRU ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ပြီး တိုက်ပွဲကို ခုခံနိုင်ခဲ့ကေ၇ြာင်းနှင့် ကရင်နီတော်လှန်ရေး အင်အားစု (KRU) အနေဖြင့် လက်ရှိ တိုက်ပွဲများကို မဆုတ်တမ်း ခုခံတိုက်ထုတ်လျက်ရှိကြောင်း KRU သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats