.
စစ်ကောင်စီတပ်မှ ဒေသခံပြည်သူများကို
ဖမ်းဆီးမှု ပိုမိုတိုးလာသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
.ဓါတ်ပုံ - စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာသော လူငယ်တစ်ဦး
ကရင်အမျိုးသားအစည်းအရုံး
(KNU)၊ မုန်းမြို့နယ် စီမံအုပ်ချုပ်မှု
နယ်မြေတွင် ဩဂုတ်လ ၄ ရက် ၆ ရက်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၃၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း
KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီတပ်သည် ဩဂုတ်လ
၆ ရက်၊ နံနက် ၈ နာရီခန့်က KNU-မုန်းမြို့နယ်အတွင်းရှိ တပ်ကုန်းကျေးရွာနေ စောဂေးထူး အားလည်းကောင်း၊ ယင်းနေ့
၁၁ နာရီအချိန်တွင် တပ်ကုန်းကျေးရွာနေ နော်မူဆိ၊ နော်တော်ဒို၊ နော်ဂေးဒိုဖော၊ နော်မာခူး၊
နော်မိချို၊ နော်အယ်ဒါးဝါးနှင့် အသက် ၃ နှစ်အရွယ် စောအယ်ထီးမူ၊ တို့အား လည်းကောင်း
ကျေးရွာအတွင်းရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးထားခဲ့ပြီးနောက် ဖမ်းဆီးခံရသူများမှ သေနတ်ပစ်ခတ်
သံများကြားကာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ ပြီးခဲ့သည့်
ဩဂုတ်လ ၄ ရက်က KNU-မုန်းမြို့နယ်အတွင်းရှိ
မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် မုန်းဒေသတွင် နေထိုင်သော ဒေသခံပြည်သူစုစုပေါင်း
၂၅ ဦးတို့မှာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးခံရသူအချို့၏ ဥယျာဉ်ထွက်သီးနှံများကို
သွားရောက်ရောင်းချရာမှ ရရှိသည့် ငွေကျပ် သိန်း ၁၅၀ လည်း ပါသွားကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးခံရသည့်
ပြည်သူများကို ခမရ (၅၉၀) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့အချိန်ထိ ပြန်လည်
လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။
.
လက်ရှိတွင်
ဒေသခံပြည်သူများအနေဖြင့် အချို့ နေရာများတွင် မိုးမရသဖြင့်
စိုက်ပျိုးသီးနှံများပျက်စီးခဲ့ရပြီး တစ်ဖက် တွင်လည်း မိမိတို့၏ဥယျာဉ်
ထွက်သီးနှံများ သွားရောက်ရောင်းချရာတွင် စစ်ကောင်စီတပ်များ၏ စစ်ဆေးမေးမြန်းခြင်း၊
ဖမ်းဆီးခြင်းစသည့် အခက်အခဲများကို ကြုံတွေ့နေရကြောင်း KNU က ထုတ်ပြန်ထားသည်။
.