သထုံခရိုင်အတွင်း အုပ်ချုပ်ရေး ယန္တယား တည်ဆောက်ခြင်း ခွင့်မပြုကြောင်း KNU ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သထုံခရိုင်အတွင်း အုပ်ချုပ်ရေး ယန္တယား တည်ဆောက်ခြင်း ခွင့်မပြုကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) စီမံအုပ်ချုပ်မှု နယ်မြေအတွင်း မည်သည့် အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားများ ဖွဲ့စည်းတည်ဆောက်ခြင်းများကို ခွင့်မပြုကြောင်း KNU က ယနေ့ ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။

.


ထို့အတူ မည်သည့် အဖွဲ့အစည်းမှ KNU ၏ စည်းမျဥ်းစည်းကမ်းနှင့် မကိုက်ညီသည့် စည်းရုံး ဖွဲ့စည်းခြင်းကို ခွင့်မပြုကြောင်းနှင့် ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာများ ဖြစ်ပေါ်စေခြင်း၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေခြင်း၊ ပြည်သူလူထုများ၏ လုံခြုံမှုကို ထိခိုက်စေခြင်း၊ အခွင့်အရေး ဆုံးရှုံးစေခြင်း စသည့်လုပ်ရပ်များ စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့် မပြုကြောင်းလည်း ဖော်ပြပါရှိသည်။

.

အဆိုပါ ကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံခရိုင် တပ်မဟာ (၁) ခရိုင်အမြဲတမ်းကော်မတီက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Journal Download

Photo of three cats