.
ကရင်အမျိုးသားအစည်းအရုံး
(KNU) တပ်မဟာ (၅) နယ်မြေတွင်
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တိုက်ပွဲအကြိမ် ၁၀၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်
စစ်ကောက်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့မှ ၈၈
ဦး သေဆုံးခဲ့ ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။
.
.
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်
၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းတင် ယာဉ်တစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီတပ်၏
ထောက်ပို့မြင်းလား ၈ ကောင် သေဆုံးခဲ့ရသည်ဟု သိရသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း
KNU တပ်မဟာ (၅) ဘက်မှ ကျဆုံးသူ
မရှိသောလည်း ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲများတွင် စစ်ကောင်စီတပ်က
လက်နက်ကြီးများ အသုံးပြုပြီး အပြစ်မဲ့ပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ လယ်ယာဥယျာဉ်ခြံမြေများကို
ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.