KNU တပ်မဟာ (၁) နယ်မြေတွင် တော်လှန်ရေးတပ်ပေါင်းစုထံ လာရောက်ပူးပေါင်းသည့် စစ်သည်များကို အခမ်းအနားဖြင့် ဂုဏ်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU တပ်မဟာ (၁) နယ်မြေတွင် တော်လှန်ရေးတပ်ပေါင်းစုထံ လာရောက်ပူးပေါင်းသည့် စစ်သည်များကို အခမ်းအနားဖြင့် ဂုဏ်ပြု

.

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေတွင် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် လာရောက် ပူးပေါင်းခဲ့သည့် စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဩဂုတ်လ ၂၈ ရက်တွင် KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ လာရောက်ပူးပေါင်းသည့် ပြည်သူ့တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲ ရှိလျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌက ပြောကြားခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

.

အဆိုပါ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကို KNU တပ်မဟာ(၁) နှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် တော်လှန်ရေး အင်အားစုများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် စစ်အာဏာရှင် ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

 စစ်ကောင်စီ၏ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ပြည်သူ့တပ်မတော်သားများ အနေဖြင့်လည်း မတရားမှုကိုဆန့်ကျင်ပြီး မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနှင့် ပူးပေါင်းလိုပါက ယခုကဲ့သို့ပင် နွေးထွေးစွာကြိုဆို သွားမည်ဟု KNU က အသိပေးထားသည်။

.

အဆိုပါ ဂုဏ်ပြုအခမ်းအနားတွင် တော်လှန်ရေးတပ်ပေါင်းစုထံ လာရောက်ပူးပေါင်းသည့် ပြည်သူ့တော်မတော်သား များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

.

Photo – KNU တပ်မဟာ (၁)

.

Journal Download

Photo of three cats