.
ကရင်အမျိုးသားအစည်းအရုံး
(KNU) ကော်သူးလေးအုပ်ချုပ်မှုနယ်မြေ၊
တပ်မဟာ (၅)၊ မူတြော် (ဖာပွန်) ခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်
ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း
သိရသည်။
.
.
စစ်ကောင်စီတပ်က ဩဂုတ်လ
၂၃ ရက်၊ ညပိုင်းတွင် ဘူးသိုမြို့နယ်၊ မဲကလောကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး များဖြင့်
ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေးလောပူကျေးရွာရှိ နေအိမ်တစ်လုံး ထိမှန်ပျက်စီးကာ အသက် ၅၆
နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဖာပွန်နှင့်
ကမမို (ကမမောင်း) ကြားရှိ စစ်ကောင်စီလက်အောက်ခံ BGF (၁၀၁၄) တပ်ရင်းက ဘူးသိုမြို့နယ်၊ မဲကလောကျေးရွာအုပ်စုအတွင်းသို့
လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
KNU တပ်မဟာ (၅) နှင့်
တပ်မဟာ (၂) နယ်စပ်၊ လူသောမြို့နယ်၊ ဖလောခိုဒေသအတွင်းသို့ ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်များ
နယ်မြေကျော်လွန်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသဖြင့် KNLA တပ်မဟာ (၅) တပ်ဖွဲ့များနှင့် ထိတေတွ့တိုက်ပွဲ
ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.