.
ကရင်အမျိုးသားအစည်းအရုံး
(KNU) ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊
တပ်မဟာ (၆)၊ ဒူးပလာခရိုင်တွင် ရက်ပေါင်း ၂၀ အတွင်း တိုက်ပွဲ ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီတပ်သား ၅၀ ဦးခန့် သေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း KNU
က သတင်းထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၆) နယ်မြေအတွင်း တပ်မ (၁၁)၊
တပ်မ (၂၂)၊ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း ၁၇ ရင်းနှင့် BGF တပ်ရင်း ၁ ရင်း အသုံးပြုကာ
စစ်ရေးလှုပ်ရှားနေပြီး အခြားအတည်မပြုနိုင်သေးသော တပ်ရင်းများလည်း ရှိသေးကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ
စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆)
လက်အောက်ခံ KNLA တပ်ရင်း (၁၆)၊
(၁၇)၊ (၁၈)၊ (၂၇)၊ (၂၀၁)၊ KNDO ဗဟိုလုံခြုံရေးတပ်ရင်း ၁ ရင်း၊ KNDO တပ်ရင်း (၆) တို့က ရင်ဆိုင်တိုက်ခိုက်နေပြီး KNLA ဘက်မှ ၂ ဦး ကျဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ကော့ကရိတ်မြို့နယ်အတွင်းရှိ
KNLA တပ်ရင်း ၁၈ နှင့် တပ်ရင်း
၂၇ နယ်မြေများတွင် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီက လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အင်အား
အလွန်အကျွံအသုံးပြု ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
.
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့်
တပ်မဟာ (၆) နယ်မြေတွင် အရပ်သားပြည်သူ ၉ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်
တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.