.
ကရင်အမျိုးသားအစည်းအရုံး-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ
ကနစိုးပင် ကျေးရွာသို့ ယနေ့ ဩဂုတ်လ ၂၃ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့်
လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
.
ကနစိုးပင်ကျေးရွာအနီးတွင်
ယနေ့ ဩဂုတ်လ ၂၃ ရက်၊ နံနက် ၅ နာရီခွဲခန့်က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၈) နှင့် စစ်ကောင်စီတပ်များ
မိနစ် ၄၀ ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နံနက် ၇ နာရီခွဲခန့်အတွင် စစ်ကောင်စီတပ်က
ကနစိုးပင်ကျေးရွာအတွင်းသို့ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ရဟတ်ယာဉ်ဖြင့်
လာရောက်ပစ်ခတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်လျက် ရှိပြီး
ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
.
KNU−မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ
ကနစိုးပင်ကျေးရွာ အတွင်းတွင် အိမ်ခြေပေါင်း ၂၂၀ ခန့်နှင့် လူဦးရေ ၁၁၁၇
ဦးခန့်နေထိုင်ပြီး တိုက်ပွဲများမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသော နေရာတစ်ခု
လည်းဖြစ်ကြောင်း သိရသည်။
.