.
ကရင်အမျိုးသားအစည်းအရုံး၊
ကော်သူလေးအုပ်ချုပ်မှုနယ်မြေအတွင်း အတည်ပြု စစ်ဘေးရှောင်ပြည်သူ ၃၅၆၆၇၄ ဦး အထိ ရှိလာကြောင်း
ကရင်အမျိုးသားအစည်းအရုံးဗဟိုက ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူ ခရိုင် တပ်မဟာ
(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင်
တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်းတွင် တိုက်ပွဲများ
နေ့စဉ်နှင့် အမျှဖြစ်ပေါ်လာသည့်အတွက် ထိုဒေသများအတွင်းရှိ ပြည်သူများသည်
ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
.
ခရိုင်များအတွင်းရှိ
အတည်ပြု၍ရသော စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူ ခရိုင်တွင်
၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ ဘိတ်−ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊
မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်း
စစ်ဘေးရှောင်ဦးရေ ၃၅၆၆၇၄ ဦး အထိရှိလာပြီဖြစ်ပြီး ဆက်လက်၍ စာရင်းကောက်ခံ နေရသော
စစ်ဘေးရှောင်ပြည်သူ အရေအတွက်များလည်း ကျန်ရှိနေသေးကြောင်း သိရသည်။
.
ဘေးလွတ်ရာသို့
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊
ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး
တပ်မတော် (KNLA)၊
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက်
တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
လက်ရှိတွင်
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးနှင့် လက်အောက်ခံတပ်ဖွဲများဖြစ်ကြသော
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့သည် စစ်ကောင်စီတပ်များနှင့်
ရင်ဆိုင်တိုက်ပွဲများကို နေ့စဉ်ရင်ဆိုင် တိုက်ခိုက်နေရပြီး
စစ်ရေးကုန်ကျစာရိတ်များနှင့် စစ်ရေးလိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့် အပြင်
စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း
KNU က ထုတ်ပြန်ထားသည်။
.