KNU နယ်မြေအတွင်း၌ ဒေသခံ ပြည်သူ အမြောက်အများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU နယ်မြေအတွင်း၌ ဒေသခံ ပြည်သူ အမြောက်အများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ် လုပ်ဆောင်လာသောကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များ ပိုမို လုပ်လုပ်ဆောင်လားခြင်းကြောင့် ဒေသခံ ပြည်သူ အမြောက်အများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများအတွက် လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

.

KNU ဒူးသထူခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်း စစ်ကောင်စီတပ် နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များက စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ် လုပ်ဆောင်လာသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် ရင်ဆိုင်တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားလျက်ရှိသည်ဟု KNU က ထုတ်ပြန်သည်။

.



စစ်ကောင်စီတပ်သည် ၎င်းတို့ အထိနာသော ရင်ဆိုင်တိုက်ပွဲများတွင် ပြည်သူလူထု နေထိုင်သည့် ကျေးရွာများ၊ ပုန်းခိုလျက်ရှိသော နေရာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကို အမြဲပြုလုပ်လေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသားဒိုင်းကားအဖြစ် အသုံးပြုခြင်းများလည်း အများအပြား ပြုလုပ်ခဲ့ပြီး အကြောင်းမဲ့ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများ ပိုင်ဆိုင်သော အဖိုးတန် ပစ္စည်များကို အတင်းအဓမ္မ သိမ်းယူးခြင်းများကိုလည်း အများအပြား ပြုလုပ်လျက် ရှိနေသည်ဟု ဆိုသည်။

.

ထို့အပြင် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူများကို အကြောင့်မဲ့ ပစ်သတ်ခြင်းများကြောင့် အပြစ်မဲ့ ပြည်သူ အမြောက်အများ၏ အသက်များစွာလည်း ဆုံးရှုံးခဲ့ရ‌ကြောင်း သိရသည်။ 

.

စစ်ကောင်စီတပ်များနှင့် KNLA ၊ KNDO တို့ တိုက်ပွဲများ ဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်က ပြည်သူလူထု နေထိုင်သော နေရာများသို့ ပစ်မှတ်ထား တိုက်ခိုက်လာ သောကြောင့် ပြည်သူလူထုမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

.

အဆိုပါ ဘေးလွတ်ရာ တိမ်းရှောင်ရသည့် ဒေသများအနင် ဒူးသထူးခရိုင် တပ်မဟာ (၁) နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) တို့မှာ အများဆုံး ထွက်ပြေးတိမ်းရှောင်နေရသော ခရိုင်များ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူဦရေး ၁၅၄၈၆၆ ဦးထိ ရှိကြောင်း KNU ၏ ထုတ်ပြန်က ဆိုသည်။

.

ကျန်ခရိုင်များအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကိုမှု စိစစ်ဆဲ ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသော အကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို လက်ကမ်းကြိုဆိုလျက်ရှိ‌ကြောင်း KNU က ထုတ်ပြန်သည်။

Journal Download

Photo of three cats