KNU တပ်များ လာ ပစ်ပါက ကျေးရွာအတွင်းသို့ ပြန် ပစ်မည်ဟု စစ်ကောင်စီ စခန်းမှူး ခြိမ်းခြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU တပ်များ လာ ပစ်ပါက ကျေးရွာအတွင်းသို့ ပြန် ပစ်မည်ဟု စစ်ကောင်စီ စခန်းမှူး ခြိမ်းခြောက်

KNU လက်အောက်ခံတပ်များမှ ၎င်းတို့စခန်းကို လာရောက် ပစ်ခတ်ပါက ကျေးရွာအတွင်းသို့ ပြန်လည် ပစ်ခတ်မည်ဟု ဘီးလင်းမြို့နယ်၊ ဝင်းတာပန်(တာပေါ) ကျေးရွာအတွင်း၌ တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ် စခန်းမှူးက ရွာသားများကို ခေါ်ယူ ခြိမ်းခြောက်ခဲ့‌ကြောင်း သိရသည်။

.


ဝင်းတာပန် စစ်ကောင်စီ စခန်းမှူးသည် သြဂုတ်လ ၁ ရက်၊ နံနက်ပိုင်းတွင် ဝင်းတာပန်ကျေးရွာရှိ ရပ်မိရပ်ဖများကို ခေါ်ယူ စည်းဝေးကာ ယင်းကဲ့သို့ ခြိမ်းခြောက်‌ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု KNU က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ စစ်ကောင်စီတပ်သည် စကခ (၈) လက်အောက်ခံ ခမရ (၄၁၀) တပ် ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၊ ညပိုင်းတွင် KNU လက်အောက်ခံ တပ်များမှ သွားရောက် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီစခန်းမှူးက ရွာသားများကိုခြိမ်းခြောက် ပြောဆိုခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats