.
ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA) တပ်မဟာ (၅) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား
၄ ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်တွင် ဖော်ပြထားသည်။
.
.
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ ထိန်းချုပ်နယ်မြေ၊ မူတြော်
(ဖာပွန်) ခရိုင်၊ ဖာပွန်မြို့အနီးရှိ စစ်ကောင်စီ၏ မယားငယ်ကုန်းစခန်းကို ဩဂုတ်လ ၂၈ ရက်၊
နံနက် ၉ နာရီခန့်က KNLA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၅) မှ ခြုံခို
ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် KNLA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၀၂) တပ်ဖွဲ့များက မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊
လှဂွန်းးပျိုအခြေစိုက် စစ်ကောင်စီစခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား
တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ယင်းနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဖာပွန်မြို့တွင်
ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA တပ်ရင်း (၁၅) မှ
ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှုများ အတွင်း
KNLA ဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.