.
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA) တပ်မဟာ (၅) နယ်မြေအတွင်း
ဩဂုတ်လ ၁ ရက်မှ ၁၅ ရက်အထိ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်းတပ်မဟာ (၅) က ယမန်နေ့ ဩဂုတ်လ ၁၇ ရက်တွင်
ထုတ်ပြန်ကြေညာထားသည်။
.
.
တပ်မဟာ (၅) နယ်မြေတွင်
၁၅ ရက်အတွင်း KNLA တပ်မဟာ
(၅) လက်အောက်ခံ တပ်ရင်း၊ တပ်ခွဲများနှင့် စစ်ကောင်စီ၊ BGF တပ်တို့အကြား
တိုက်ပွဲပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၃ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ
တိုက်ပွဲများအတွင်း KNLA တပ်မဟာ (၅)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဖက်မှ ဒေသခံများ၏
ကျေးရွာနှင့် လယ်ယာ၊ ဥယာဉ်ခြံမြေများအတွင်းသို ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.