.
ကရင်အမျိုးသားအစည်းအရုံး
(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)၊ တပ်ရင်း (၈) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့်
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၂
ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.
KNU စီမံအုပ်ချုပ်မှုနယ်မြေ၊
ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနှင့် ကရင်မြက်ရဲကျေးရွာအကြားတွင်
ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက KNLA တပ်ရင်း (၈) နှင့် စစ်ကောင်စီတပ်တို့အကြား
ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ
ရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ပြီးခဲ့သည့်
ဩဂုတ်လ ၆ ရက် ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား
ကြိုးပင်ဆိပ်အာဏာသိမ်း စစ်ကောင်စီစခန်းတွင် ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး
စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ငှက်ပျော တောကျေးရွာ
အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၅ ရက်၊ ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈) နှင့် အာဏာသိမ်းအကြမ်းဖက်
စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ
တပ်မှ အရာခံဗိုလ် ၁ ဦးနှင့် တပ်သား ၁ စုစုပေါင်း ၂ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး
(KNU) က ယနေ့ ဩဂုတ်လ ၁၂ ရက်တွင်
ထုတ်ပြန်ထားသည်။
.