.
ကရင်ပြည်နယ်၊
မြဝတီ-ဝေါ်လေဒေသအတွင်း ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သား ၂ ဦးသည် CDM ပြုလုပ်၍ ကရင်အမျိုးသားကာကွယ်ရေးတပ်
(KNDO) ထံသို့ လက်နက်နှင့်အတူ လာရောက်ပူးပေါင်း ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က
ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီ စအရ
(၉၀၄) အင်ဂျင်နီယာတပ်မှ တပ်သား အောင်အောင်နှင့် ခလရ (၂၇၅) ခြေလျင်တပ်မှ တပ်သား
အာကာမင်းတို့ နှစ်ဦးသည် MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်၊
ခဲယမ်းကျည် များနှင့်အတူ ဇူလိုင်လ အတွင်း KNDO သို့ ဆက်သွယ် ပူးပေါင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
.
စစ်ကောင်စီ၏ လုပ်ရပ်များကို
မနှစ်သက်သည့်အတွက် ယခုကဲ့သို့ CDM ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့သည့်အတွက်
ယူနီဖောင်းဝတ်ထားခြင်းကို လိပ်ပြာမသန့်ကြောင်း CDM စစ်သား တစ်ဦးက
ပြောဆိုခဲ့သည်။
.
အဆိုပါ CDM တပ်သား ၂ ဦးအား KNDO
မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး NUG
အစိုးရက ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေ များအား
ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
.