.
ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်တွင် ရိက္ခာဖြည့်တင်းရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်နှင့် KNDF-B09 တို့ ဩဂုတ်လ ၁ ရက်မှ ၉ ရက်အတွင်း
ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း
သိရသည်။
.
.
တိုက်ပွဲအတွင်း KNDF မှ ဝေဟင်ကော မြေပြင်ပါ ပြည်သူများ
လှူဒါန်းထားသည့် လက်နက်များဖြင့် ထိရောက်စွာ အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား
၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲတွင်
KNDF ဘက်မှ ၃ ဦး မစိုးရိမ်ရဒဏ်ရာများ
ရရှိခဲ့ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီဘက်မှ ကျန်ရှိခဲ့သော လက်နက်ခဲယမ်းအချို့ကို
သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီထောက်ပို့အဖွဲ့ (KLT) က ထုတ်ပြန်ထားသည်။
.