.
ကရင်နီ(ကယား)ပြည်နယ်၊
KNDF တပ်ရင်း (၂) နယ်မြေအတွင်း
အရပ်သားအယောင်ဆောင်၍ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ယမန်နေ့ ဩဂုတ်လ ၂၇
ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီ တပ်မ
(၆၆) လက်အောက်ခံ ခလရ (၁) မှ တပ်သား တစ်ဦးသည် KNDF တပ်ရင်း (၂) နယ်မြေ အတွင်းသို့ အရပ်သား အယောင်ဆောင်၍ လာရောက်သတင်းထောက်လှမ်းစဉ်
KNDF တပ်ရင်း (၂)၊ LKPDF ပူးပေါင်း နယ်မြေ
ရှင်းလင်းရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့်
စစ်ကောင်စီတပ်သားကို ကရင်နီပြည်သူ့ရဲတပ်ဖွဲ့ (KSP) ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
.