ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့ အနီးဝန်းကျင်နှင့် ခြေတော်ရာဘုရား အနီးရှိ လမ်းများတွင် ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁၀)က ယနေ့ ဩဂုတ်လ ၂၄ ရက်တွင် မေတ္တာရပ်ခံထားသည်။
.
စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းများ ဖြန့်၍ ဒီးမော့ဆိုမြို့ လမ်းမကြီးနှင့် မြို့အနီး လူထုများ ကူးလူးသွာလာလေ့ရှိသော လမ်းများအနီးတွင် သြဂုတ်လ ၁၇ ရက်မှစ၍ စစ်ကြောင်းထိုး လှုပ်ရှားခြင်း၊ ကင်းပုန်း၀ပ်ခြင်းများ လုပ်ဆောင်လျှက် ရှိနေသည့်အတွက် ယင်းကဲ့သို့ မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ စစ်ကောင်စီတပ်များ တည်ရှိရာ ကျေးရွာများသို့ နေအိမ်ပြန်ခြင်း ၊ ဝင်ရောက်သွားလာခြင်းများ မပြုရန်ကိုလည်း မေတ္တာရပ်ခံ သတိပေးထားသည်။
.
အခြေနေ တည်ငြိမ်သည့်အခါ ပြန်လည် အသိပေးသွားမည် ဖြစ်ပြီး အသိပေးမှု မပြုလုပ်မချင်း ပြည်သူများအနေဖြင့် သတိပေးချက်များကို လိုက်နာပေးကြရန် မေတ္တာရပ်ခံသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။