.
ကရင်နီ (ကယား) ပြည်နယ်တွင်
ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများကို ကရင်နီ အမျိုးသားများ
ကာကွယ်ရေးတပ် (KNDF) က ယမန်နေ့
ဩဂုတ်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ထုတ်ပြန်ချက်တွင်
စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် ဖရူဆိုမြို့နယ်များမှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့
အင်အားဖြည့်တင်းမှုများ ပြုလုပ်ကာ အပြင်းအထန် ထိုးးစစ်ဆင်နေပြီး ကရင်နီ ပူးပေါင်းတော်လှန်ရေးတပ်များနှင့်
ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို အားသွန်ခိုက်စိုက် ခုခံတိုက်ခိုက်လျက်ရှိကြောင်း
ဖော်ပြ ပါရှိသည်။
.
စစ်ကောင်စီတပ်သည် ဒီးမော့ဆိုနှင့်
ဖရူဆိုမြို့နယ်များတွင် တာဝေးပစ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ
ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။
.
ရှားတောမြို့နယ်တွင်
ဩဂုတ်လ ၁၅ ရက်က ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် KNDF B02၊ B12၊ B14 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဩဂုတ်လ ၂၀
ရက်တွင် ရှားတောမြို့နယ်၊ ရှမ်း-ကယားနယ်စပ်ရှိ စစ်ကောင်စီ၏ တငူးဆိုးတပ်စခန်းကို ကရင်နီတပ်မတော်
(KA)၊ KNDF B14၊ B17 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ
စခန်းကိုစွန့်ခွာသွား သည့်အတွဥ် ကရင်နီပူးပေါင်းတပ်မှ စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း
သိရသည်။
.
ဖရူဆိုမြို့နယ်တွင်လည်း
သြဂုတ်လ ၁၅ ရက် နံနက်ပိုင်းက အရပ်သားပြည်သူများကို လက်နက်ကြီးဖြင့် ဦးတည် ပစ်ခတ်တိုက်ခိုက်နေသည့်
စစ်ကောင်စီ၏ ခမရ (၄၂၈) နှင့် (၅၃၀) တပ်ရင်းများကို ကရင်နီတပ်မတော် (KA) နှင့် KNDF B04 တို့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း
သိရသည်။
.
ဒီးမော့ဆိုမြို့နယ်တွင်
သြဂုတ်လ ၁၅ ရက်က ရူဖယ်ခူရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းအတွင်း
ဝင်ရောက်တပ်စွဲနေသော စစ်ကောင်စီတပ်များနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော KNDF
B19 တို့ ထိတွေ့တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
စစ်ကောင်စီတပ်သည်
ဒီးမော့ဆိုမြို့မစျေးနှင့် အနီးဝိုက်မှာ တပ်စွဲထားပြီး သြဂုတ်လ (၁၁) ရက်က မြို့မစျေးအနီးတွင်
KNDF B19 ၊ DMO PDF နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ
ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သြဂုတ်လ
၁၇ ရက် ညနေပိုင်းတွင် ဒီးမော့ဆိုမြို့ သေးဆူလဲ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်
နှင့် KNDF B05 တို့
ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့ရှိ
စေတီတစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။
.
ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာနှင့်
ဒီးမော့ဆိုမြို့နယ်ဘက်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို
KNDF B19 က ဩဂုတ်လ ၂၀ ရက်၊
နံနက်ပိုင်းမှ စတင်ပြီး ခြေတော်ရာဘုရားတောင်အနီးတွင် ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး
စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု များပြားကြောင်း သိရသည်။
.
ထို့အပြင် ဖရူဆိုမြို့ဘက်မှ
ထီးကလူဒေါကျေးရွာကဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီ တပ်မတော် (KA)နှင့်
KNDF B15 မှ
အလှစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ ဆုတ်ခွာခဲ့ပြီး ခဲယမ်းအချို့နှင့်
ဆက်သွယ်ရေးပစ္စည်းများကို KNDF မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ယင်းနေ့ ညနေပိုင်းတွင်ပင်
ဖရူဆိုမြို့ဘက်မှ ဒီးမော့ဆိုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကဒါးလားနှင့်
ငွေတောင်ရွာသစ်ကျေးရွာ အကြားရှိ တောင်ပေါ်တွင် KNDF B15 နှင့် B10 တို့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်ဟု သိရသည်။
.
လွိုင်ကော်မြို့နယ်တွင်လည်း
သြဂုတ်လ ၂၀ ရက်က ဒေါတချ ရေတံခါးအနီး တပ်စွဲနေသော စစ်ကောင်စီတပ်ကို KNDF B14 ၊ B02 နှင့် ကရင်နီတပ်မတော် (KA)တို့မှ
အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
သြဂုတ်လ ၂၀ ရက်
ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ကို
ခုခံတိုက်ခိုက်ရင်း KNDF B19 မှရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ဖက်ဒရယ်
ဒီမိုကရေစီအရေးအတွက် အသက်ပေးသွား သော KNDF B19 မှရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.