.
မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးကို
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း (၂)၊ တပ်ခွဲ (၂) က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး သုံးစွဲသူ
အဆိုပါ အမျိုးသားကို ဩဂုတ်လ ၁၉ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသူကို ကရင်နီပြည်
ရဲဌာန (KSP) ၏ အမှတ် (၅)
ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း KNDF က ယနေ့ ဩဂုတ်လ
၂၁ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
.